Thursday, May 11, 2017

ဓမ္မရေချမ်းစင်

သဗ္ဗဇယ မင်္ဂလာ ဂါထာ


ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
တာဒိသံ တေဇသမ္ပန္နံ၊ ဗုဒ္ဓံ ၀န္ဒာမိ အာဒရံ။
နမက္ကာရာနုဘာဝေန၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။

( မှန်ကန်တိကျစွာ အသံထွက်နည်း )
ဒိဝါတပတိ အာဒိတ်စော၊ ရတ်တိမာ ဘာတိ စန်ဒိမာ။
သန်နတ်ဓော ခတ်တိယော တပတိ၊ ဈာယီ တပတိ ဗြာန်မဏော။
အထ သတ်ဗ မဟောရတ်တိန်၊ ဗုတ်ဓော တပတိ တေဇသာ။
တာဒိသံ တေဇသန်ပန်နံ၊ ဗုတ်ဓံ ၀န်ဒါမိ အာဒရံ။
နမက်ကာရာ နုဘာဝေန၊ သတ်ဗေ ပူရင်တု သင်ကပ်ပါ။
( အနက်အဓိပ္ပါယ် )
နေမင်းသည် နေ့အခါ၌သာ ထွန်းလင်းတောက်ပ၏။
လမင်းသည် ညအခါ၌သာလျှင် ထွန်းလင်းတောက်ပ၏။
ပြည့်ရှင်မင်းသည် မင်းမြောက်တန်ဆာငါးပါး ၀တ်ဆင်မှသာ တင့်တယ်၏။
ရဟန္တာအရှင်မြတ်တို့သည် ဈာန်ဝင်စားမှသာ တင့်တယ်၏။
မြတ်စွာဘုရားသော်ကား နေ့ညပတ်လုံး တန်ခိုးတော်ဖြင့် တင့်တယ်ပေသည်တကား။
ထိုသို့ တန်ခိုးတော်ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော် ရိုသေစွာ ရှိခိုးပါ၏ဘုရား။
ဤသို့ ရှိခိုးရသော အကျိုးကြောင့် ကြံကြံသမျှ တောင့်တအရာရာ အဖြာဖြာတို့သည် လျင်မြန်စွာ ပြည့်စုံပါစေသတည်း။
ဖြစ်ပေါ်လာပုံ
မြတ်စွာဘုရား သာဝတ္ထိပြည် ပုပ္ပာရုံကျောင်း မိဂါရမာတုပြဿဒ်၌ သီတင်းသုံးတော်မူစဉ် အရှင်အာနန္ဒာ၏ လျှောက်ထားမူကို အကြောင်းပြု၍ ဘုရားရှင်က ဤဂါထာကို ဟောကြားတော်မူပါသည်။
အရှင်အာနန္ဒာသည် သီတင်းကျွတ် လပြည့်နေ့ ဆည်းဆာအချိန်တွင် အနောက်ဂေါယာကျွန်းယွန်းမည့်ဆဲဆဲ နေအရောင်၏ တင့်တယ်မှု အရှေ့လောကဓာတ်မှ ထွက်ပြူစ လမင်း၏တင့်တယ်မှုတို့ကို တွေ့မြင်နှစ်သက် ပီတိဖြစ်တော်မူသည်။
ထိုသို့ အာရုံခံစားမူ ဖြစ်နေစဉ်၌ စစ်အင်္ဂါလေးပါး ခြံရံကာ မင်းမြှောက်တန်ဆာ ဝတ်ဆင်လာပြီး ပန်းနံ့သာစွဲကိုင်လျှက် ဘုရားရှင်ထံ ရှေးရှု့လာနေသော ပသေနဒီကောသလ မင်းကြီး၏ တင့်တယ်မှုကို မြင်ရ၍လည်း နှစ်သက်ပီတိဖြစ်ရပြန်သည်။ထို့ပြင် အရှင်အာနန္ဒာသည် ကာဠုဒါယီ ရဟန္တာမထေရ် ဈာန်ဝင်စားသဖြင့် ကိုယ်တော်မှ အရောင်အဆင်းများ တောက်ပထွန်းပေါ်နေသည်ကို ဖူးမြင်ရပြန်ရာ နှစ်သက်ပီတိ ဖြစ်တော်မူပြန်လေသည်။
ထို့နောက် ဘုရားရှင်၏ အရောင်အဆင်း ထွန်းလင်းတောက်ပခြင်းမှာ အထက်ပါ နေမင်း လမင်း ရှင်ဘုရင် ရဟန္တာတို့ထက် သာလွန်လွှမ်းမိုး ထူးကဲကြောင်း တွေ့ရသဖြင့် ဘုရားရှင်အားလျှောက်ရာ ဘုရားရှင်က ဒိဝါတပတိ အစချီသော ဤဂါထာတော်ကို ဟောကြားတော်မူလေသည်။
(ဓမ္မပဒ)
🌼🌻🌺🌸🌹🍀🌼🌻🌺🌸🌹🍀
လုံးစုံများစွာသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ …
ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ
ကြောက်တတ်မကြောက်တတ်
နှစ်ရပ်များစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ …
ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ
မြင်အပ်မမြင်အပ် နှစ်ရပ်များစွာသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ …
ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ
ဝေးနေနီးနေ နှစ်ထွေများစွာသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ …
ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ
ဘဝဇာတ်ဆုံး မဆုံးများစွာသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ …
ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ
ရှည် တို အလတ် သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ …
ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ
ကြီး ငယ် အလတ် သုံးရပ်ခန္ဓာသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ …
ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ
ဆူကြုံ အလတ် သုံးရပ်ခန္ဓာသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ …
ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ
လူအချင်းချင်း လှည့်ပတ်ခြင်း
ကင်းရှင်းကြပါစေ …
အထင်သေးခြင်း အချင်းချငိး
ကင်းရှင်းကြပါစေ …
ဆင်းရဲလိုခြင်း အချင်းချင်း
ကင်းရှင်းကြပါစေ …
🌹🌺🍁🍂🌸🌺🌹🍁🍂🌸
အရှေ့အရပ်၌ရှိသော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အနောက်အရပ်၌ရှိသော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
မြောက်အရပ်၌ရှိသော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
တောင်အရပ်၌ရှိသော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အနောက်တောင်ထောင့် အရပ်၌ရှိသော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အနောက်မြောက်ထောင့် အရပ်၌ရှိသော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အရှေ့မြောက်ထောင့် အရပ်၌ရှိသော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အရှေ့တောင်ထောင့် အရပ်၌ရှိသော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အောက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တစကြာဝဠာ
အပါယ်ဘုံသား အနန္တသတ္တ၀ါတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အထက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တစကြ၀ဠာ
အနန္တ နတ်ဗြဟ္မာတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
🌸🌺🌹🌻🍀🌼🌸🌺🌹🌻
- ဘာသာအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းစုံရာ
မေတ္တာအလှဆုံး ။
- လူမျိုးအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းစုံရာ
မေတ္တာအလှဆုံး ။
- သတ္တဝါအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းစုံရာ
မေတ္တာအလှဆုံး ။
၁ ။ အတူနေငြား လူအများ နှစ်ပါးကိုယ်စိတ် ချမ်းသာစေ ။
- ဆင်းရဲ ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ။
- မေတ္တာနှလုံး အလှဆုံးဖြင့် ရွှင်ပြုံးကြည်သာ အေးမြကာ ချမ်းသာကြပါစေ ။
၂ ။ အတူနေငြား နတ်အများ နှစ်ပါးကိုယ်စိတ် ချမ်းသာစေ ။
- ဆင်းရဲ ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ။
- မေတ္တာနှလုံး အလှဆုံးဖြင့် ရွှင်ပြုံးကြည်သာ အေးမြကာ ချမ်းသာကြပါစေ ။
၃ ။ အုပ်ချုပ်နေငြား လူအများ နှစ်ပါးကိုယ်စိတ် ချမ်းသာစေ ။
- ဆင်းရဲ ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ။
- မေတ္တာနှလုံး အလှဆုံးဖြင့် ရွှင်ပြုံးကြည်သာ အေးမြကာ ချမ်းသာကြပါစေ ။
၎ ။ မြို့ရွာအတွင်း ရပ်ကွက်တွင်းမှာ လူများစွာ ချမ်းသာကြပါစေ ။
- ဆင်းရဲ ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ။
- မေတ္တာနှလုံး အလှဆုံးဖြင့် ရွှင်ပြုံးကြည်သာ အေးမြကာ ချမ်းသာကြပါစေ ။
၅ ။ လုံးစုံများစွာ သတ္တဝါ နှစ်ဖြာကိုယ်စိတ် ချမ်းသာစေ ။
- ဆင်းရဲ ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေ ။
- မေတ္တာနှလုံး အလှဆုံးဖြင့် ရွှင်ပြုံးကြည်သာ အေးမြကာ ချမ်းသာကြပါစေ ။

အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ ) ဟောကြားတော်မူသော
* သဗ္ဗမင်္ဂလာ ဂါထာ * ဗွီဒီယို ကို အောက်ပါ လင့်တွင် နာယူနိုင်ပါသည်။
https://m.facebook.com/story.php…

No comments:

Post a Comment