Thursday, October 27, 2016

အဆုတ်တီဘီ နှင့် အလေ့ကျပေါက်ပင်အစွမ်း
ငဖုန်းကြီးပင်
============
============
ဆေးရုံက ပြန်လွှတ်လိုက်တဲ့ အဆုတ်တီဘီ သမားတစ်ယောက် တောမှာ အလေ့ကျပေါက်တဲ့အပင်ရဲ့ အစွမ်းသတ္တိကြောင့် ရောဂါပျောက်ကင်းပြီး အသက်ရှည်ရှည် နေသွားရတဲ့ အကြောင်း ဖေါက်သည်ချပါရစေ။
ကျွန်တော်တို့ အိမ်နားမှာ ကိုကံမြင့် ဆိုတဲ့လူတစ်ယောက်ရှိပါတယ်။သူ့ပုံက အရိုးပေါ်အရေတင်။ချောင်းတစ်ဟွတ်ဟွတ်နဲ့ သွေးအန်နေပါပြီ။ တိုတိုပြောကြစို့ရဲ့။အခြေအနေက အနှုတ်လက္ခဏာပြနေပြီ။
အနီးဆုံး အင်္ဂပူဆေးရုံတင်တယ်။အင်္ဂပူက ဟင်္သာတ ဆေးရုံ လွှဲတယ်။ဟင်္သာတဆေးရုံက ပုသိမ်တိုင်းဆေးရုံ ထပ်လွှဲပြန်တယ် ။ ပုသိမ်ဆေးရုံမှာ တစ်ပါတ်လောက် ကြာတော့ ရောဂါက မသက်သာ။ ပုသိမ်ဆေးရုံက သောက်ဆေး တစ်လစာပေးပြီး တစ်လနေမှ ပြန်လာပြပါပေါ့။
ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ သူ့ကိုဘယ်သူက ညွှန်တယ်မသိ ဈေးကိုအင်ဖက်လာရောင်းတဲ့ သူတွေကို ငဖုန်းကြီးပင် တစ်ပင်လုံး အမြစ်ပါမကျန် ရသလောက်ဝယ်မယ် ဆိုပြီးမှာတော့တာပဲ။ဒီအပင်က အင်တောတွေထည်းမှာ အင်မတန်ပေါတာ။
ကိုကံမြင့်က အပင်တွေရလာတော့ အရွက်တွေကို သုံးခွက်တစ်ခွက်တင်ကြိုပြီးသောက်တော့တာပါပဲ။ကျန်တဲ့ အရွက်တွေကို နေရိပ်ထည်းမှာ အခြောက်လှမ်းပြီး လဘက်ခြောက်နဲ့ ရောပြီး လဘက်ရည်သောက်တယ်။ အမြစ်အစိုကို ကျောက်ပျဉ်မှာ သွေးပြီး သောက်တယ်။
တစ်လလောက်ကြာတော့ ချောင်းဆိုးရင် သွေးမပါတော့ဘူး။အသားအရေကလည်းစိုစိုပြည်ပြည်လေး ဖြစ်စပြုလာတယ်။ ဆေးပင်ကို ထပ်မှာပြီး ဆက်ကာဆက်ကာ သောက်တယ်။ သုံးလေးလ ကြာတော့ လူ့ကို စိုစိုပြည်ပြည်နဲ့ ဝဖြိုးလာတယ်။
သေလူကနေ ဒီလိုပုံမြင်ရတော့ ဘယ်သူမှ မယုံနိုင်ဖြစ်ကုန်တယ်။နောက်ဆေးရုံပြန်ပြတော့ ဆရောဝန်တွေ မျက်လုံးပြူးကုန်တယ်။ အဲဒါ ငဖုန်းကြီးပင်( အချို့က လောက်သေပင်လို့လည်း ခေါ်ပါတယ်) ပင်ရဲ့အစွမ်းထက်ပုံပါ။
မိတ်ဆွေတို့ကို မေတ္တာဖြင့် ဖေါက်သည်ချလိုက်ပါတယ်။မိတ်ဆွေအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ပြည့်စုံနိုင်ကြပါစေ။
အောက်မှာ အပင်ပုံကလေးတွေ ဗဟုသုတ အလို့ငှာ တင်ပေးလိုက်ပါတယ်။ ပဋ္ဌမပုံက အပင်ပေါက်စ ကလေးရဲ့ပုံပါ။ နောက်ပုံတွေက အင်ပင်မှာ နွယ်ပါတ်တက်နေတဲ့ အပင်ကြီးရဲ့ပုံပါ။
Article Credit Thu Aung
Photo Credit Thu Aung
#စိတ်မဆိုးဆနွင်းလုံး
#စိတ်မဆိုးသင်္ဘောရွက်ခြောက်ရေနွေးကြမ်း
တိုက် 2 အခန်း 101 ဇီဇဝါအိမ်ယာ
သံသုမာလမ်းမ၊ တောင်ဥက္ကလာပ။
ဖုန်း 01 8500 355
( မြင်သာဈေး မှတ်တိုင်အနီး နှင့် ဘေလီကားဂိတ်ကြား )
========= × ========= × =========
#Nyan Linn Aung
အနော်တို့ ကတော့ ခေါ်တာ အဖိုးကြီးအို ထန်းထောင်း လို့ လဲခေါ်တယ် လောက်ကြ ပင်လို့ လဲခေါ်တယ်ဗျ ဘာပဲပြောပြော ကျေးကျေး ပါ လူတွေကို ကိုတတ်နိုင်တဲ့ ဘက်က အခုလို ကူညီချင်စိတ်ရှိတာ ဂုဏ်ယူပါတယ် ဗျာ
#Mg Hnin Wai
ဒီထဲပါတဲ့ ပုံက ငဖုံးဆေးပင်လို့ ခေါ်ကြပါတယ်
လောက်သေပင်မဟုတ်ဘူးလို့ထင်ပါတယ်
ငဖုံးဆေးပင်က အနွယ်ပင် လောက်သေပင်ကအနွယ်မဟုတ်ပါဘူး
#Saw Hla Tun
ကျနော်သိတဲ့လောက်သေပင်က
နွယ်ပင်ဟုတ်ဘူးဗျ။ပင်ပုပင်ပြတ်
ဒေသအခေါ်များကွဲပြားသလားတော့မ
သိဘူး။သူ့ ရဲ့ဂုဏ်သတ္တိကတော့ ဆရာ
ရဲ့ post အတိုင်းပါဘဲ။
#Aye Thi Darlwin
ဟုတ်ပါတယ် ကျမ တို့ အိမ်မှာ နေ့တိုင်း ကျိုသောက်ပါတယ် ရောဂါ တော်တော်များများ ပျောက်ပါတယ်
#Salai Aung Aung
တကယ်ပျောက်ပါတယ်
ကျနော်အဖွားပန်းနာ
ဖြစ်နေတယ်အသက်၉၀
ရှိနေပြီ ကျိုသောက်တယ်
အမြဲတမ်းဘယ် အခုပျောက်
သွားပါပြီ အခုထိကျန်းမာ
နေတုန်းဘယ်
ဘာမှမဖြစ်တော့ဘူး
#ကိုစိုင်း လွယ်ခမ်း
ယခုပုံပါအပင်ဟာ ငါးဖုံးကြီးပါ နွယ်ပင်ဖြစ်ပါတယ် နှစ်မျိုးရှိပါတယ် အညိုနဲ့ အစိမ်းပါ အညိုပင်က ပိုလို့အစွမ်းထက်လှပါတယ် နောက်တစ်မျိုးက လောက်သေပင်ပါ သူကတော့ ပင်ပု ပင်ပြတ်ပါ
#ရွှေကျွန်းသားကြီး ဟံသာအုပ်စိုး
ကျနော်လဲချောင်းဆိုးမပျောက်လို့ ရက်ရှည်နေတာ လောက်သေမြစ်ကိုသွေး လဘက်ရည်ပုဂံ တဝက်ဆားနည်းနည်းထည့်ပြီး ၃ရက်လောက်သောက်တာ ပျောက်ဘူးပါတယ်
#ရင်ခုန်သံ တထပ်တည်း
ငဖုန်းကမပြည့်စုံပါကွမ်းတဖုန်းပင်ပါ
#ချစ်သူနား ခိုရာ
သွားဖုန်းခါး '' ပင်လို့လဲခေါ်ပါတယ်
#Komyat Nyan
ဟုတ်တယ်ပျောက်တာမှန်တယ် အတိုင်းအဆများရင်အန္တရာယ်များတယ်ဒီဆေးလွန်ရင် ဖြေဆေးမရှိသလောက်ဘဲ
#Aye Thida Myint
အဲ့အရွက်က လောက်တော့
တကယ်သေတာ
ခန္ဓာကိုယ်ထဲကပိုးတေလဲ
သေမှာပဲ..အမေက
အစာအိမ်ဖြစ်တော့သောက်
ခိုင်းတာ..ခုတော့ပျောက်နေပီ
အဲ့ဒါကြောင့်လားတော့မသိ
#Ko Thet အမှန်တကယ်ပြောက်တယ်ဒီအရွက်ကိုလောက်ဘုရင်ရွက်လိုခေါ်ကြတယ်
စေတနာရှင် ဝါသနာရှင်များ၏ စေတနာ နှင့် မြန်မာဆေးစွမ်းကောင်း လက်တွေ့များကို တန်ဖိုးထားသဖြင့် မပျောက်ပျက်စေရန် တက်လာသော comments များကိုပါ စုဆောင်းတင်ပြအပ်ပါသည်။
#စိတ်မဆိုးဆနွင်းလုံး
#စိတ်မဆိုးသင်္ဘောရွက်ခြောက်ရေနွေးကြမ်း
တိုက် 2 အခန်း 101 ဇီဇဝါအိမ်ယာ
သံသုမာလမ်းမ၊ တောင်ဥက္ကလာပ။
ဖုန်း 01 8500 355
( မြင်သာဈေး မှတ်တိုင်အနီး နှင့် ဘေလီကားဂိတ်ကြား )

LikeShow more reactions
Comment

No comments:

Post a Comment