Wednesday, October 12, 2016

မြန်မာပြည်မြောက်ပိုင်းတွင် တရားသောစစ်ဆင်နွှဲနေ
===============================
သော တပ်မတော်သားများသိရှိစေရန် စစ်
မြေပြင်တွင် ဒိထက် ပိုသတိထားမှတော်ခါကျပါမည်)
Ko Thet added 2 new photos — with Aung Kyaw Thet and 7 others.
မြန်မာပြည်မြောက်ပိုင်းတွင် တရားသောစစ်ဆင်နွှဲနေ
===============================
သော တပ်မတော်သားများသိရှိစေရန် Share ပေးပါ
===============================
@ မြေပြင်၊ ကတုတ်ကျင်းထဲ၌ အနေများသူများသည်
၂ ပတ်ခန့်အကြာတွင် ခြေထောက်များဖောခြင်း ၊
အောက်ပိုင်းများလေးလံခြင်း၊ ကယ်လိုရီကျခြင်းများ
ဖြစ်ပေါ်တတ်သဖြင့် issue ထုတ်ပေးသော Com-
pound Vitamin (သို့) Vitamin B1 ဆေးသောက်
ပါ။ B1 ပိုသင့်လျော်ပါသည်။ B1 issue မရပါ။
@ လှုပ်ရှားချီတက်စဉ် ချွေးထွက်လွန်ပါက issue ထုတ်
ဆားပြားနှင့် ဓာတ်ဆားရည်သောက်ပါ။ သွေးတိုး
ရှိသူများအား ဆားပြားမတိုက်ဘဲ ဓာတ်ဆားသာ
တိုက်ပါ။
@ ဝမ်းပျက်ပါက ရွှေဖီဦး tea mix ၂ ထုပ်အား ရေနွေး
အနဲငယ်ဖြင့်ဖျော်သောက်ပါ။
@ ဤဒေသတွင် ခြင်အကိုက်မခံပါနှင့် နယ်မြေခံတပ်
များအတွက် ခံနိုင်သော်လဲ သူစိမ်းတပ်များအတွက်
ပြင်းထန်တတ်သည်။ issue ထုတ်ပေးသော Re-
pito Lotion လိမ်းပါ။ ရေကို ကျိုချက်သောက်ပါ။
@ ရေချိုးရခက်ခဲခြင်း၊ မိုးရေထဲသွားလာရခြင်းကြောင့်
ယားနာများပေါက်လာနိုင်သဖြင့် issue ထုတ်ပေး
သော Petro Jelly လိမ်းပါ။ ဖနောင့်ကွဲခြင်းကိုလဲ
ပျောက်ကင်းစေသည်။
@ မိုးရာသီဖြစ်သောကြောင့် ကျွတ်၊ ဒက်ကောင်များ
အလွန်ပေါသောဒေသဖြစ်သဖြင့် အပင်များအောက်
တွင် စခန်းချပါက ထင်းရူးခေါက်ဖြင့် မီခိုးအူအောင်
ဖိုပေးပါ။ မဟုတ်ပါက ခုန်ဆင်းလာကြမည်။
@ ကွမ်းစားဆေးရွက်ကြီးကို ခြေအိတ်နှင့် ဖိနပ်ကြားထဲ့
စီးခြင်းဖြင့် ကျွတ်ကိုက်ခြင်း သက်သာစေပါသည်။
@ ငှက်ဖျားအခံထလာပါက ဂလူးဂို့စ်မှုန့်အား ဖျော်၍
ဖြစ်စေ ရက်ဆားကဲ့သို့ဖြစ်စေ စားပါ။ မရှိပါက ပါးစပ်
ထဲသို့ သကြားတစ်ဇွန်းငုံပါ။ သတိလစ်ခြင်းမရှိပါ။
@ ပိုလျှံသော ထမင်းများကို အလွယ်မပစ်ပါနှင့် ကြွက်
ပေါတတ်သည်။ နေလှမ်းထားပါက မီးပျောက်ရိက္ခာ
အဖြစ်အသုံးပြုနိုင်သည်။
@ စည်သွတ်ဗူးနှင့် မည်သည့်မှိုမျိုးကိုမဆို ရောနှော၍
မချက်ရ။ ဗူးတွင်ပါသည့် ဓာတုဆေးဖြင့် အဆိပ်ဖြစ်
စေသည်။
@ မှို၊ တညင်းသီး၊ ကျောက်ဖား၊ ကျောက်ချဉ်ပေါင်
လုံးဝ(လုံးဝ)မစားပါနှင့်။
@ စခန်းသိမ်းပြီးပါက လက်နက်တိုက်၊ ရိက္ခာဂိုဒေါင်များ
စားစရာထားသည့်နေရာများသို့ မစူးစမ်းဘဲ မဝင်ပါ
နှင့် ထောင်ချောက်မိုင်းထောင်ထားတတ်သည်။
@ သိမ်းဆည်းရအစားအစာများအား သေချာစစ်ဆေး
ပြီးမှ အသုံးပြုပါ။
@ သိမ်းဆည်း၊ ကောက်ရ အရက်နံ့ပါသောအရည်များ
တွေ့ပါက သွန်ချမြေမြှပ်ပါ။ ပိုးသတ်ဆေးရောထား
သောအရက်များဖြစ်သည်။ ရန်သူမှ ရည်ရွယ်ချက်
ဖြင့် လုပ်တတ်သည်။ စစ်သည်များသို့ အထူးမှာကြား
ရမည်။
@ မိုင်းရှင်းရာတွင် မြေပြင်ပေါ်သာမက သစ်ပင်များပေါ်
ပါရှင်းပါ။အပင်ပေါ်နှင့်သစ်ခေါက်ထဲတွင် မိုင်းထောင်
တတ်သည်။
@ လိုအပ်လို့ ပစ်ရှင်းရှင်းပါက မျက်ကွယ်ဖြစ်သောခြုံ
များသာမက အပင်ပေါ်ပါ ပစ်ရှင်းရှင်းပါ။စောင့်ကြည့်
ကင်းနှင့် sniper သမားရှိတတ်သည်။ ဘယ်အရပ်
သားမှ အပင်ပေါ်တက်မနေပါ။ ရဲရဲပစ်ပါ။ မမှီပါက
စက်ကြီး ပွိုင့် ၅ ဖြင့်ပစ်ပါ။
@ ဘယ်လောက်ပဲပင်ပန်းနေပါစေ ကင်း၊ ကျင်း၊ ထမင်း
အစဉ်တိုင်းလုပ်ပါ။ သွားလာမှုရှိတိုင်း စိတ်နဲ့လူ သတိ
ကပ်ပါစေ။
( ကျနော့်အတွေ့အကြုံကို အကြံပြုခြင်းဖြစ်ပါသည်။ စစ်
မြေပြင်တွင် ဒိထက် ပိုသတိထားမှတော်ခါကျပါမည်)

# Ko Thet

Yarzartun Tun share

No comments:

Post a Comment