Monday, October 17, 2016

Leo Leo's photo.
Leo Leo to ဘားအံ-မြဝတီ ကား/ဆိုင်ကယ် ရောင်းဝယ်ရေး
ထိုင်းနိုင်ငံ ယာဉ်မောင်းလိုင်စင် အမြန်ဖြေ/ အမြန်ရ လိုသူများ သိရှိရန်။
ယာဉ်မောင်းလိုင်စင် လျောက်ရန်အတွက် ပါ့စပို့စာအုပ်၊ ၀ါ့ပါမစ်၊ ကျန်းမာရေး
ကောင်းကြောင်း ဆရာဝန်ထောက်ခံချက် လိုသည်။
အထက်ပါ လိုအပ်သည့် စာရွက်စာတမ်းများ မိတ္ထူ ၃ စုံ ပြင်ဆင်ထားပါ။
ယာဉ်မောင်းလိုင်စင်ရုံး (သို့မဟုတ်) ကောဆောနောသို့ အမည်စာရင်း သွားတင်ပါ။ ယာဉ်မောင်းလိုင်စင်ရုံးတွင် ၁ လကြာ ရက်ချိန်းပေးသည်။
ကောဆောနောတွင် ၃ ရက် (သို့) ၁ ပတ်အတွင်း ရက်ချိန်းပေးသည်။
ရက်ချိန်းနေ့တွင်
၁) ဖောင်ဖြည့်ရသည်။
၂) ထိုင်းနိုင်ငံ ယာဉ်/လမ်း စည်းကမ်း ၄နာရီကြာ ဗွီဒီယို ကြည့်ရသည်။
၃) ညွှန်းပြသည့်အရောင် ပြောပြရသည်။ တခုမှားခွင့်ရှိသည်။ အခွင့်အရေး ၁ကြိမ်။
၎) လေဘာနှင်းခိုင်းသည်။ တကြိမ် မှားခွင့်ရှိသည်။ အခွင့်အရေး ၂ကြိမ်။
၅) ယာဉ်/လမ်း မေးခွန်း ၅၀၊ ထိုင်း/ အင်္ဂလိပ် အားသာရာ ရွေးဖြေနိုင်သည်။
(အဖြေ ၅ ခု မှားခွင့်ပေးသည်။ အခွင့်အရေး ၁ကြိမ်။)
၆) အောင်လျှင် မောင်းပြရသည်။ အမောင်း အောင်လျှင် တရက်တည်းနဲ့
မောင်းလိုင်စင်ရသည်။
၇) မောင်းပြသည့်အဆင့်များအနက် အဆင့်တခုခု မှားလျှင် ရှုံးသည်။
(ရှုံးလျင် ရက်ချိန်းပြန်ယူ၊ အမောင်းအောင်သည့်နေ့ လိုင်စင်ထုတ်ပေးသည်။)
ကုန်ကျမှု
၁။ ကျန်းမာရေးကောင်းကြောင်း ဆရာဝန်ထောက်ခံချက် ဘတ် ၄၀
၂။ ကောဆောနောတွင် စာရွက်စာတမ်းခ ဘတ် ၂၀၀
၃။ ယာယီ ဆိုင်ကယ်မောင်းလိုင်းစင် ဘတ်၂၀၅
၎။ ယာယီ ကားမောင်းလိုင်စင် ဘတ် ၃၀၅
မှတ်ချက်။
ယာယီယာဉ်မောင်းလိုင်စင်အား သက်တမ်း ၂နှစ် ဖြစ်သည်။ ယာယီသက်တမ်း ၂နှစ်အတွင်း လမ်း/ယာဉ် စည်းကမ်းများ တခုခုချိုးဖောက်မှု တွေ့ရှိပါက (သို့) ယာဉ်တိုက်မှု ဖြစ်ပေါ်ပါက ယာယီမောင်းလိုင်စင်အား ပြန်ရုတ်သိမ်းပါသည်။
အကြံပြုချက်။
၁။ ထိုင်းဘာသာစကား တတ်မြှောက်ထားပါက ပို၍ အဆင်ပြေမည်။
၂။ အနည်းဆုံး စိ(ပ်)မွန်း/ စီမွန်း၊ (၁၀/၄ နာရီ) သိထားရမည်။
၃။ ဘက်ပါကင်တွင် အတွေ့အကြုံရင့် နည်းပြဆရာနဲ့ လေ့ကျင့်ထားသင့်သည်။
၎။ နည်းပြ၏ လျို့ဝှက်အချက်ပြမှု ဂရုစိုက်လိုက်နာလျင် လက်တွေ့တွင် အဆင်ပြေ ချောမွေ့သည်။
၎။ လမ်း/ယာဉ် စည်းကမ်းများ အလေးအနက်လိုက်နာပြီး မောင်းနှင်းလျှင် ယာယီမောင်းလိုင်စင်မှ ရာသက်ပန် ယာဉ်မောင်းလိုင်စင်အထိ ရရှိနိုင်သည်။ ဆက်သွယ်ရန်။ph 0617063070

No comments:

Post a Comment