Friday, October 14, 2016

Alternate Medicine ဆရာဝန် အားမကိုးသူများသို့
၁။ Phyotaeza Phyotaeza ဆရာကြီးရေ မြန်မာဆေးလေးညွှန်ပြခွင့်ပြုပါ။ မြန်မာတိုင်းရင်းဆေးတစ်ခုဖြစ်ပါတယ်၊ ကျောက်ကပ်ရောင်တာ၊ ကျောက်တည်တာကအစ ပျောက်ကင်းတဲ့ဆေးပါ မြောက်ဥက္ကလာ ရတနာသိင်္ဂီဈေးနားမှာ မေးကြည့်လို့ ရပါတယ်၊ ဆေးနာမည်က (ဆရာကြီးဦးထွန်းရှိန် ဆီး၊ ကျောက်ကပ်ဆေးဖြစ်ပါတယ်။)
Tint Swe အားတော့နာတယ်။ ထပ်ရေးရမှာပဲ။ ကိုယ်ပိုင်ဆေးနည်း၊ တခြားနည်းတွေကို ကိုယ့်ဖေ့စ်ဘွတ်မှာသာတင်ပါရန်။ ခဏနေရင်ဖျက်ပါမယ်။ ဆောရီး။ ဆရာဝန်နည်းမသုံးလိုသူတွေက ဆရာဝန်ရေးတာမျိုးကို လာမဖတ်ကြပါ။
၂။ U Zaw Win ကြက်ဆူနီပင်၏အရွက်ကို မီးကင်ပြီး ပြည်တည်နာတွေကို ကပ်ပြီးအုံပေးရင် ပြည်တွေကိုစုပ်ပြီး အနာပျောက်တယ်လို့ ကြားဘူးပါတယ်ဆရာ။
အခုပဲ တယောက်ကိုရေးလိုက်သေးတယ်။ ကိုယ်ပိုင်ဆေးနည်း၊ တခြားနည်းတွေကို ကိုယ့်ဖေ့စ်ဘွတ်မှာသာရေးပါရန်။ ဆရာဝန်နည်းမသုံးသူတွေက ဆရာဝန်ရေးတာမျိုးကို လာမဖတ်ကြပါ။ ခဏနေရင် ကွန်မင့်ကိုဖျက်ပါမယ်။ ဆောရီး။
ဒေါက်တာတင့်ဆွေ
၁၃-၁ဝ-၂ဝ၁၆
No automatic alt text available.

No comments:

Post a Comment