Friday, February 9, 2018


သည်းခြေကျောက်တည်ရောဂါလက္ခဏာများမှာ အဘယ်နည်း?
• မကြာခဏ ပျို့ အန်ချင်စိတ်ဖြစ်ခြင်း
• အစာမကြေခြင်းနှင့် လေခံခြင်း
• မကြာခဏ လေချဉ်တက်ခြင်း
အထူးသဖြင့် ထိုရောဂါလက္ခဏာများသည် အဆီအဆိမ့်များစားပြီးချိန်တွင် ပိုမိုဖြစ်ပွားပါက သတိပြုသင့်ပါသည်။ အသည်းနှင့် သည်းခြေပြွန်တွင် သည်းခြေကျောက်ပိတ်သောအခါ သည်းခြေရည်တွင်ပါရှိသော ဘလီရူဘင် (Bilirubin) အ၀ါရောင်ဓာတ်များသည် အူထဲသို့ မရောက်ဘဲသွေးထဲသို့ ပျံ့ နှံ့ သွားတတ်သည်။ ထိုအခါအသားနှင့် မျက်လုံးများဝါလာခြင်းအပြင် ဗိုက်သည်အထိမခံနိုင်အောင် ဆိုးရွားတတ်သည်။
သည်းခြေကျောက်တည်ရောဂါတွင်တွေ့ ရှိရသော ကျောက်အမျိုးအစား မည်မျှခွဲခြားနိုင်သနည်း?
 သည်းခြေကျောက်အမှိုးအစား(၃) မျိုးခွဲခြားနိုင်သည်။ ၎င်းတို့ မှာ-
၁။ ကိုလက်စရောကျောက်
ဆီကြော်နှင့် ပြည့်ဝဆီစားသုံးမှုများသောသူများတွင် ကိုလက်စရောကျောက်ကိုတွေ့ ရှိရသည်။
၂။ ရောင်ခြယ်ကျောက်
သွေးနီဥပျက်စီးမှုများသောရောဂါရှိသူများတွင် ရောင်ခြယ်ကျောက်ကိုတွေ့ ရှိရသည်။
၃။ ကိုလက်စရောနှင့်ရောင်ခြယ်အရောကျောက်တို့ ဖြစ်သည်။

မည်သူတို့ သည် သည်းခြေကျောက်တည်ရောဂါဖြစ်နိုင်ခြေအလားအလာများသနည်း?
သည်းခြေကျောက်တည်ရောဂါဖြစ်နိုင်ခြေအလားအလာများသူများမှာ-
၁။ အသားရေလတ်သောသူများ
၂။ အမျိုးသမီးများ
၃။ အသက် ၄၀ နှင့်အထက် ( အသက်ကြီးပိုင်း )
၎။ ၀သောသူများ
၅။ ကလေးများများ မွေးထားသူများ
=================================================
အာရှတော်ဝင်ဆေးရုံ၏၀န်ဆောင်မှုများအတွက် အာရှတော်ဝင်ဖုန်းနံပတ် - 01-2304999 နှင့် 01-538055 သို့ မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်
အမှတ်(၁၄)၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် – ၀၁-၂၃၀၄၉၉၉ ၊ ၀၁-၅၃၈၀၅၅။
Email: asiaroyal@asiaroyal.com.mm
Website: www.asiaroyalhospital.com
Facebook: www.facebook.com/asiaroyalhospital


No comments:

Post a Comment