Tuesday, February 6, 2018
Health 0 comments
ဆီးဖြူသီး
Credit: myfood
Unicode Version
ဆီးချိုကျစေမဲ့ ဆီးဖြူသီးဖျော်ရည် ပြုလုပ်နည်း
ဆီးချိုဟာ ယနေ့ ကမ္ဘာပေါ်မှာ အဖြစ်များဆုံး ရောဂါတွေထဲက တစ်ခုပါ။
ဆီးချိုဖြစ်ပြီဆိုရင် ကုသနိုင်တဲ့ဆေး ခုထိမရှိသေးပါဘူး။ ဒါပေမဲ့ ဆီးချို ပမာဏကိုထိန်းပြီး လူ့သက်တမ်းစေ့နေသွားနိုင်ပါတယ်။
ဆီးချိုထိန်းဖို့ဆိုရာမှာ အစားအသောက် အနေအထိုင် ဂရုစိုက်ဖို့လိုပါတယ်။ ဆီးချိုကျစေမဲ့ အစားအစာတွေများများစားပေးပြီး ကိုယ်လက်လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးရမှာပါ။
ဆီးဖြူသီး
ဆီးဖြူသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး သရက်ရွတ်ရဲ့ လုပ်ဆောင်မှုကို မြင့်တင်ပေးပါတယ်။
ဆီးဖြူသီးအနည်းငယ်ကို အခြောက်ခံပါ။
တကယ်လို့ အခြောက်မခံချင်ဘူးဆိုရင်လည်း ပါးပါးလေးလှီးပေးလိုက်ပါ။ ပြီးရင် ကြိတ်လိုက်ပါ။
ကြိတ်ပြီးရင် အဝတ်သန့်သန့်ထဲထည့်ပြီး အရည်ညှစ်ချပါ။
အဲဒီအရည်ကို မနက်ခင်မှာ သောက်သုံးပေးပါ။
သောက်တဲ့နေရာမှာ ဆီးဖြူသီး စားပွဲတင်ဇွန်း ၅ ဇွန်း ၆ ဇွန်းကိုဒီအတိုင်းပဲဖြစ်ဖြစ် ရေနဲ့ရောပြီဖြစ်ဖြစ် သောက်သုံးနိုင်ပါတယ်။
ဆီးဖြူသီးကို ဆားရေစိမ်ပြီးသောက်ရင်လည်း ကျန်းမာရေးအတွက်အထူးကောင်းမွန်ပါတယ်။
အချဉ်စားချင်တဲ့ ကိုယ်ဝန်ဆောင်တွေအတွက်လည်း သင့်တော်ပါတယ်ရှင့်။
Credit: myfood
No comments:
Post a Comment