Wednesday, January 17, 2018

အသည်းရောင်အသားဝါ ဘီပိုးအခွံ့အ​ကြောင်း မသိ​သေးသူများအတွက်

Dr.မင်း​အောင်​ရှန်​​ရေးသားထားတာကိုပြန်​လည်​မျှ​ဝေးပါတာပါ

==========================

Quantitative HBsAg (qHBsAg) ၏ အရေးပါပုံများ..
(HBsAg ကို ဂဏန်းအရေအတွက်ဖြင့် ဖော်ပြခြင်း)

* ဘီပိုးသည် လူ့ခန္ဓာကိုယ်၏ အသည်းဆဲလ်များကိုသာ favourite ဖြစ်၍ အသည်းဆဲလ်များတွင်သာ ဘီပိုးကောင်ရေ ပွားများနိုင်စွမ်း ရှိပါသည်..

* ဘီပိုးများ အသည်းဆဲလ်များအတွင်း ပွားများခြင်း အဆင့်ဆင့်တွင် (cccDNA) အနေဖြင့် ကြားခံ ပြောင်းလဲပြီးမှသာ ပိုးကောင်ရေ ဆက်လက် ပွားများနိုင်ပါသည်..

** qHBsAg ကို သိခြင်းအားဖြင့်.. ရရှိနိုင်သည့် အကျိုးကျေးဇူးများ..

(1) - cccDNA ကို သွယ်ဝိုက်ဖော်ပြနေခြင်း ဖြစ်သလို..
- အသည်းဆဲလ်များ အတွင်း ဘီပိုး အနည်း/ အများ.. မည်မျှရှိနေခြင်း..
- တနည်းအားဖြင့် အသည်းဆဲလ်များကို ဘီပိုး မည်မျှ ဝင်ရောက်ခဲ့ပြီး ဖြစ်သည်ကို ဖော်ပြနေခြင်းပင် ဖြစ်သည်..

- qHBsAg level များလျင် cccDNA များနေပါမည်.. အသည်းဆဲလ် တော်တော် များများကို ဘီပိုးဝင်ရောက်ခဲ့ပြီး ဖြစ်ပါသဖြင့် ဘီပိုး လုံးဝ ပျောက်ကင်းအောင် ကုသနိုင် ရန် ခက်ခဲပါလိမ့်မည်..

- qHBsAg (> 10000 IU/ml) ဘီပိုး ပျောက်ရန် (ထိုးဆေး) ဖြင့် ကုသသော်လည်း ပျောက်ကင်းမှု % နည်းသွားနိုင်ပါသည်..
(ဘီပိုး လုံးဝ ပျောက်ကင်းအောင် ကုသနိုင်ရန် ခက်ခဲပါလိမ့်မည်)

- qHBsAg နည်းလျင် cccDNA နည်းနေပါသည်..
ဘီပိုး အလိုအလျောက် ပျောက်ကင်းနိုင်မှု များစွာ ရှိနေသလို.. ဘီပိုး ပျောက်ရန် ထိုးဆေးဖြင့် ကုသခြင်းဖြင့် များစွာ မျှော်လင့်နိုင်မှု ရှိပါသည်..

- qHBsAg ရှိနေပါက cccDNA ရှိနေပါသဖြင့် (သွေးထဲတွင် ဘီပိုးကောင်ရေ ရှိမနေသော်လည်း) အသည်းဆဲလ်များအတွင်း ဘီပိုးများ ဆက်ရှိနေသေး ပါသဖြင့် ဘီပိုး လုံးဝ ပျောက်ကင်းမှု မရှိသေးပါ)..

- ဘီပိုး သောက်ဆေးသည် cccDNA ကို မသတ်နိုင်ပါသဖြင့် ဘီပိုး လုံးဝ ပျောက်ကင်းမှုကို မမျှော်လင့် နိုင်ခြင်းပင် ဖြစ်သည်..

(2) qHBsAg အနည်းအများသည်..
လူ့ခန္ဓာကိုယ်၏ ဘီပိုးအပေါ် ခုခံနိုင်မှု စွမ်းအား.. ထိန်းချုပ်နိုင်မှု စွမ်းအား.. ကောင်း/မကောင်းကို ဖော်ပြနေသည်.. (immune ability to control HBV infection)

(a) ဘီပိုး ပွားများနေသည့် (HBeAg positive) ဖြစ်နေသည့် အချိန်..
(immuno tolerant phase, immuno clerance phase, chronic hepatitis phase) တို့တွင်..
qHBsAg လည်း များပြားနေပါလိမ့်မည်..

(b) ဘီပိုး ပွားများမှုကို ခန္ဓာကိုယ်မှ ထိန်းချုပ်နိုင်စွမ်းရှိသည့် (HBeAg negative) ဖြစ်နေသည့်အချိန်တွင် (inactive carrier state) တွင်.. qHBsAg လည်း လျော့နည်းနေမည်သာ ဖြစ်သည်..

(3) qHBsAg ကို ထိုးဆေးဖြင့်ကုသနေစဉ်အတွင်း ကျဆင်းလာမှုကိုကြည့်ခြင်းဖြင့် HBeAg seroconversion နဲ့ HBsAg clearance ကို ခန့်မှန်းနိုင်ပါတယ်..

* HBeAg positive လူနာတွင်.. qHBsAg < 1500 IU/ml at 24 week of treatment ဖြစ်ပါက ဆေးကုသပြီး ၆ လ အကြာတွင်
- HBeAg seroconversion ဖြစ်ဖို့ 54%..
- HBsAg clearance ဖြစ်ဖို့ 20% ရှိပါတယ်..

* HBeAg negative လူနာတွင်.. qHBsAg > 10% from baseline at 24 week of treatment ဖြစ်ပါက
- ဆေးကုသပြီး ၅ နှစ် အကြာတွင်
- HBsAg clearance ဖြစ်ဖို့ 45% ရှိပါတယ်..

(4) ဆေးကုသမှုမလိုသေးသူများတွင်..qHBsAg level ကိုသိခြင်းဖြင့် ဆေးကုစရာမလိုဘဲ တချိန်ချိန်တွင် ဘီပိုး အလိုအလျောက် ပြောက်ကင်းသွားနိုင်ကြောင်း ခန့်မှန်းနိုင်ပါတယ်..

* HBeAg seroconversion ဖြစ်သွားသည့် လူနာတွင်.. ၁ နှစ်အကြာ၌ qHBsAg < 100 IU/ml သာရှိနေပါက..
-HBsAg သည် ၆ နှစ်အတွင်း (ဘီပိုး) အလိုအလျောက် လုံးဝပျောက်ကင်းရန် မျှော်လင့်နိုင်ပါသည်..

* HBeAg negative + HBV DNA < 2000 IU/ml.. လူနာတွင်.. qHBsAg < 10 IU/ml ဖြစ်နေပါက..
- ဘီပိုးသည်.. တချိန်ချိန်တွင် အလိုအလျောက် ပျောက်ကင်းရန် ရာခိုင်နှုန်း တော်တော်များများ မျှော်လင့်နိုင်ပါသည်..

(5) qHBsAg များနေပါက.. တချိန်ချိန်တွင်
အသည်းကင်ဆာ ဆက်ဖြစ်သွားဖို့ % တော်တော် များပါသည်..

* ဘီပိုး ပွားများနေခြင်း မရှိသည့် အခြေအနေ (HBeAg negative) တွင်..
* ဘီပိုးကောင်ရေလည်း မရှိသလောက် နည်းနေသူများ (chronic inactive carrier) တွင် * qHBsAg မှာ နည်းမနေဘဲ.. များနေပါက..

(qHBsAg > 1000 IU/ml in HBeAg negative + HBV DNA < 2000 IU)

- တချိန်ချိန်တွင် အသည်းကင်ဆာ ဖြစ်လာနေသည်ကို သိသာထင်ရှားစွာ တွေ့ရှိနေရပါသည်..

* ထိုသူများကို အရင်က (qHBsAg အနည်း အများ မလေ့လာဘဲ) ကုသရန်မလိုဟု ဆိုပြီး စောင့်ကြည့်ခဲ့ကြပါသည်..

* ယခုအခါ (qHBsAg များနေသူများကို) အနီးကပ် စောင့်ကြည့်လေ့လာ၍ လိုအပ်ပါက ကုသမှုပေးရမည် ဖြစ်ပါတယ်..

(6) နောက်ဆုံးအနေဖြင့်.. ဘီပိုးအား ထိုးဆေး (Peg-interferon) ဖြင့် ကုသနေစဉ်.. (on-treatment တွင်) qHBsAg level တိုင်းတာခြင်းဖြင့်..
ဘီပိုး ကုသ ပျောက်ကင်း နိုင်စွမ်း ရှိ/မရှိ..
ဘီပိုးပျောက် ဆေးဆက်ထိုး၍ ကုသရန် သင့်/မသင့်.. ကို qHBsAg အနည်း.. အများဖြင့် သိရှိနိုင်ပါသည်..

(a) ဘီပိုးပွားနေသူများ (HBeAg positive) ဖြစ်နေသူများတွင်..
ထိုးဆေးပေးပြီး ၁၂ ပတ်အကြာတွင် qHBsAg စစ်ဆေးကာ > 20000 IU/Ml ဖြစ်နေပါက ဆေးဆက်မထိုးသင့်တော့ပါ.. (stopping rule and change to long time oral drug)..

(b) ဘီပိုးပွားမနေသူများ (HBeAg negative) ဖြစ်နေသူများအဖို့ ထိုးဆေးပေးပြီး ၁၂ ပတ်အကြာတွင် qHBsAg စစ်ဆေးကာ < 10 % from baseline မကျပါက ဆေးဆက်မထိုးသင့်တော့ပါ..

အထက်ပါ (qHBsAg) အကြောင်း update သည် ပြည်သူလူထု အတွက် ဗဟုသုတ အဖြစ် ကြားဖူးနားဝ ရှိရန် ရည်ရွယ်ပါသည်..

အဓိကအားဖြင့် M.Med.Sc (internal medicine) ကျောင်းသား/သူများအတွက်.. update သိရှိစေရန်.. ရေးသားပေးလိုက်ပါသည်..

Dr. Min Aung Shan

Comment

No comments:

Post a Comment