Tuesday, January 30, 2018




Magnesium မက်ဂနီဆီယမ်

မက်ဂနီဆီယမ်ဟာ စတုတ္ထအများဆုံးဓါတ်ဆားဖြစ်တယ်။ လူ့ခန္ဓာကိုယ်ထဲမှာ ပရိုဆင်းဓါတ်နဲ့တွဲရှိနေတဲ့ မက်ဂနီဆီယမ် ဓါတ်ဆား စုစုပေါင်း ၃၇၅ဝ ရှိတယ်။ အင်ဇိုင်းမ်ပေါင်း ၃ဝဝ မှာ သူပါမှဖြစ်တယ်။ နည်းနေတာ မကောင်းဘူး။ မက်ဂနီဆီယမ် နည်းရင်ဘာဖြစ်သလဲနဲ့ မက်ဂနီဆီယမ်ကြွယ်ဝတဲ့အစားအစာတွေကို ရေးပါမယ်။
1. Muscle Cramps And Spasms ကြွက်တက်တာ၊ ကြွက်သားနာတာတွေဖြစ်မယ်။
2. Cravings For Chocolate ချောကလက်ကိုအတင်းစားချင်နေမယ်။ (သူများတိုင်းပြည်မှာာပါ။)
3. Anxiety စိုးရိမ်စိတ်ကဲနေမယ်။
4. Insomnia အိပ်မရဖြစ်မယ်။
5. Constipation ဝမ်းချုပ်မယ်။
6. High Blood Pressure သွေးတိုးမယ်။
7. Headache And Migraine ခေါင်းကိုက်မယ်။ မိုင်ဂရင်းဖြစ်နိုင်တယ်။
8. Irregular Heartbeat နှလုံးခုန်မူမမှန်ဖြစ်မယ်။
9. Acid Reflux အက်စစ်ဓါတ်အထက်ဆန်မယ်။
1. Brazil Nuts ဘရာဇီးလ်အစေ့အဆံ
2. Halibut ဟယ်လီဗတ် ပင်လယ်ငါး
3. Cocoa ကိုကိုး
4. Rice Bran ဖွဲနု
5. Cashews သီဟိုဠ်စေ့
6. Quinoa ပင်လယ်စာတမျိုး
7. Pumpkin Seeds ဖရုံစေ့
8. Almonds ဗာဒံ (မက်မွန်) စေ့
9. Spinach ဟင်းနုနွယ်ရွက်
သုတေသနက တခြားတိုင်းပြည်မှာဖြစ်လို့ သူတို့ဆီကအစားအစာတွေသာပါတယ်။ မြန်မာပြည်မှာစားကြတဲ့ ဖွဲနုနဲ့ဆိုင်တဲ့ ဆီကအစ၊ သွားရည်စာ၊ အစေ့အဆီမျိုးစုံ၊ ဟင်းနုနွယ်လိုအရွက်အရွက်တွေမှာ မက်ဂနီဆီယမ်ဓါတ် ပါပါမယ်။
ဒေါက်တာတင့်ဆွေ









No comments:

Post a Comment