Wednesday, January 24, 2018

UTI Complications ဆီးလမ်းကြောင်းပိုးဝင်ခြင်း နောက်ဆက်တွဲများ

ဆရာရှင့် ဆီးပိုးက ကုလဲခဏပဲပျောက်ပြီး ပြန်ဖြစ်လာပါတယ်။ ဆီးပိုးရှိနေခြင်းကြောင့် ကျောက်ကပ်ကို ပိုထိခိုက်စေနိုင်ပါသလား။ အမျိုးသားက ကျောက်ကပ်လူနာပါ။ အရင်တုန်းကဆို အသက်ရှူမဝဖြစ်ပါတယ်။ ခုတော့ မဖြစ်တော့ပါဘူး။ ရန်ကုန်က ဆရာကြီ့း့ နဲ့ ကုလိုက်ကတည်းက မမောတော့ပါဘူး။ အခုတော့ ညဘက်ဆို ဆီး ၂ ခါ လောက် ထသွားပါတယ်။ ရေတော့ ဆာပါတယ်။ ဆရာရေးထားသလိုပါ။ ပြနေကျဆရာကတော့ သွေးတိုး ပိုမတက်အောင် သွေးညှိဆေးပဲ ပေးလိုက်ပါတယ်။ cr325 ပါ။ ခုထက်ပိုမဆိုးလာဖို့ကို ဘာတွေ ဆောင်ရမလဲဆိုတာ သိချင်ပါတယ်ဆရာ။

မေးခွန်းတွေမှယ လူနာအမည်၊ ဆရာဝန်တွေအမည် မသိလိုပါ။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း နောက်ဆက်တွဲများ

၁။ Recurrent infections ထပ်ပြီးပိုးဝင်ခြင်း။ အထူးသဖြင့်အမျိုးသမီးတွေမှာဖြစ်တယ်။ တချို့ဆိုရင် တနှစ်အတွင်း ၄-၅ ကြိမ်ဖြစ်တယ်။

၂။ Permanent kidney damage ရာသက်ပန် ကျောက်ကပ်ထိခိုက်ခြင်း။ Acute ရက်တိုနဲ့ chronic kidney infection နာတာရှည်ကျောက်ကပ်ရောင်နိုင်တယ်။ pyelonephritis ခေါ်တယ်။ ဆေးမကုပဲနေလို့ဖြစ်တယ်။

၃။ Increased risk of low birth weight or premature infants ကိုယ်ဝန်မှာဖြစ်ရင် အချိန်စောမွေး သို့ အလေးချိန် နည်းတဲ့ကလေး မွေးတတ်တယ်။

၎။ Urethral narrowing ဆီးလမ်းကျဉ်းတယ်။ ယောက်ျားတွေမှာ ဂနိုးရီးယားပိုးကြောင့်ဖြစ်တတ်တယ်။

၅။ Sepsis သွေးထဲပိုးဝင်ခြင်။ အသက်ကိုပါ ရန်ရှာနိုင်တယ်။

1. Acidic Urine ဆီး အက်စစ်ဓါတ်များနေခြင်း http://doctortintswe.blogspot.com/2015/05/acidic-urine.html
2. Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ http://doctortintswe.blogspot.com/…/04/honeymoon-cystitis.h…
3. Medicine for Diseases of Urinary Tract ဆီးလမ်းကြောင်းရောဂါဆေးများ http://doctortintswe.blogspot.com/…/medicine-for-diseases-o…
4. Urinary Tract Infection (1) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၁) http://doctortintswe.blogspot.com/…/urinary-tract-infection…
5. Urinary Tract Infection (2) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၂) http://doctortintswe.blogspot.com/…/urinary-tract-infection…
6. Urinary Tract Infection ဆီးလမ်းကြောင်း ပိုးဝင်ခြင်း http://doctortintswe.blogspot.com/…/urinary-tract-infection…
7. Women and Urinary Tract အမျိုးသမီးနဲ့ ဆီးလမ်းကြောင်းရောဂါ https://doctortintswe.blogspot.com/…/women-and-urinary-trac…

ဒေါက်တာတင့်ဆွေ
၂၃-၁-၂ဝ၁၈

Comment

No comments:

Post a Comment