Wednesday, January 24, 2018

Hydronephrosis ဟိုက်ဒရိုနဖရိုးဆစ် ကျောက်ကပ်ရောဂါ

၁။ မင်္ဂလာပါ ဆရာ။ ကျွန်တော့်နာမည့့် ပါ။ အသက်က ၃၆ ပါ။ မကွေးမြို့နယ်မှာနေထိုင်ပါတယ်ဆရာ။ အခု ကျွန်တော့် ဘယ်ဘက် ကျောက်ကပ်က ရောင်နေတယ်လို့ သမားတော်က ပြောပါတယ်ဆရာ။ ကျွန်တော် အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းမစား၊ မသောက်ပါ ဆရာ။ ခု သမားတော်ပေးတဲ့ ဆေးကို စားတော့ ဘယ်ဘက်ကျော အောက်နားက မအောင့် မနာတော့ ပေမယ့် တခါခါ ပြန်ဖြစ်ချင်သလိုခံစားရတယ်ဆရာ။ မနေ့က စပြီး ခါးက မအောင့်တော့ ပေမယ့် ဆီးသွားတဲ့ အခါ ဆီးကုန်ခါနီး ဆီးကျန်ပြီး ဆီးအောင့်နေတယ်ဆရာ။ ဘယ်လိုနေထိုင်သင့်တယ်၊ ဘာတွေ ရှောင်ရှားသင့်တယ်ဆိုတာ လိုအပ်သလို ညွှန်ကြားပေးစေချင်ပါတယ်ဆရာ။

၂။ ဆရာခင်မျာ ကျနော့ညာဘက် နောက်ကျောအောင့်နေလို့ မြန်မာပြည်မှာဆေးခန်းပြတော့ ကျောက်ကပ် ရောင်နေတယ်တဲ့။ အခု့ ပြန်ရောက်တော့ ထပ်အောင့်နေပါတယ်။ ကျနော်နဲ့အတူနေတဲ့အကိုဆိုလည်း နေ့တိုင်းလို ဇာတ်ထိုး အော့အန်ခေါင်းမူးဖြစ်နေပါတယ်။ အပြင်လည်းမထွက်ရဲတော့ ဘာတွေရှောင်ရမလည်းဆိုတာ ပြောပြပါခင်မျာ

အသက် မပြော။ ဆေးစစ်ချက် မသိ။

ဆေးစစ်ချက်ပါဆရာ ကျနော့အသက် ၂၄ ပါ။ မြန်မာပြည်ဆေးခန်းပြတုန်းက ကျောက်ကပ်ရောင်နေတယ်ပြောပါတယ်။ အခု့ ပြန်ရောက်တော့ ညာဘက်ကပြန်အောင့်နေလို့ပါ ကျေးဇူးပြု၍ဖြေပေးပါခင်မျာ။ ဆေးစစ်ချက်တွေပါခင်မျာ။

၃။ ကျားအသက် ၂၈နှစ်ပါ။ ဒီနေ့ပဲ အသည်းအသန်သေလုမြောပါး ဗိုက်ရောခါးပါနာလို့ အရေးပေါ် ဆေးရုံသွားလိုက်ရပါတယ်။ ဆေးရုံရောက်တော့ အာထရာဆောင်းရိုက်ပြီးကြည့်တာ ကျောက်ကပ်တခြမ်းရောင်တာလို့  သိရပါတယ် ဆေးထိုးဆေးတိုက်လိုက်တာ တခဏချင်းသက်သာသွားပါတယ်။ အဲ့လိုဘာကြောင့်ဖြစ်တာလဲ။ အဲ့လိုထပ်မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ သေလုနီးပ့

မေးခွန်းကို အီးမေးကမေးတာ ဆပ်ဂျက်ခေါ် ခေါင်းစဉ်သာရေးရတဲ့နေရာမှာရေးလို့ စာအကုန်မပါ။ အဲလိုမေးသူတွေ နေ့တိုင်းတွေ့ရတယ်။ တချို့ကို ဖြေမရ။ အဲလိုမေးတာကို ဖြေရင် ကျွန်တော့်အီးမေးမှာ ဖြေထားပြီးလို့ မသိနိုင်ပါ။

၎။ ကျွန်မအသက် ၂၂ပါ။ အိမ်ထောင်မရှိပါဘူးဆရာ။ ဓမ္မတာလည်းမှန်ပါတယ်ဆရာ။ ဖြစ်နေတာ ဆီးခဏခဏ သွားတာပါဆရာ။ တနေ့ကို အကြိမ်၃၀ကျော်လောက်သွားပါတယ်။ ultrasound ရိုက်တော့ဆီးကျန်နေတာလို့သိရပါတယ်။ သားဥပြွန်တွေမှာလည်း ရေအိတ်တွေရှိနေတယ်လို့ ပြောပါတယ်။ ဆီးကအမြဲလိုလိုသွားချင်နေတော့ အပြင်တွေသွားရင် အောင့်ထားတော့ ခါးဘေးနားတွေအရမ်းအောင့်ပါတယ်။ ဆီးကတခါတလေနောက်နေပါတယ်ဆရာ။ ဆီးလည်းခဏခဏ ကျင်ပါတယ်။ ဒါပေမယ့် အိပ်နေရင်တော့ ဆီးသွားချင်တာမဖြစ်ပဲ နိုးလာမှသာသွားချင်ပါတယ်။့ မှာပြပါတယ်။ ဆီးကျန်တာကို မကုပေးပါဘူးဆရာ။ ဒီအတိုင်းပျောက်သွားမယ်လို့ပြောပါတယ်။ ဖြစ်နေတာ ၉ လလောက်ရှိပါပြီ။ ပျောက်သွားမယ်ဆိုလို့ ဒီအတိုင်းနေနေရင်း အခုဘယ်ဘက်ကျောက်ကပ်အရမ်းအောင့်လို့ မှာပြတော့ မှန်ပြောင်းနဲ့ ကြည့်ပါတယ်ဆရာ။ ဆီးအိမ်ကနီရဲပြီးယောင်နေပါတယ်လို့ပြောပါတယ်ဆရာ။ ဆေးရုံ ၁ ရက်တက်ရပြီး ဆီးပိုက်လည်း တပ်ခဲ့ရပါတယ်ဆရာ။ ၆ ရက်စာ ဆေးထိုးခိုင်းပါတယ်။ ဒါပေမဲ့ မသက်သာတဲ့အပြင် တော်တော်ကြီးကို အခြေအနေ ဆိုးနေပါတယ်။ အရင်ကလည်း ဆီးက ၂၄ နာရီလုံးလုံး သွားချင်ပေမယ့် ၁ နာရီ လောက်တော့ အောင့်ထားနိုင်ပါတယ်။ အခု ၅ မိနစ်လောက်တောင် မအောင့်နိုင်တော့ပါဘူး။ အောင့်ထားရင် ဆီးက သွေးခဲတွေရော၊ အနည်တွေရော၊ သွေးလိုမျိုးပဲထွက်နေပါတယ်။ ရေသောက်ရင်တော့ ဆီးကပြန်ကြည်ပါတယ်။ နည်းနည်းလေး အောင့်တာနဲ့ ပြန်နီလာပြန်ရောဆရာ။ ဆီးစပ်ကလည်း အရမ်းကိုက်နေပါတယ်။ ကျောက်ကပ်ကလည်း အရမ်း အောင့်နေပါတယ်။ ဘာဆေးမှသောက်ဖို့မပေးလိုက်တော့ အတော်ဒုက္ခရောက်နေပါတယ်။ ကျွန်မတော်တော် ကြောက်နေပါတယ်။ စဖြစ်ကတည်းကကုနေတာ အခုထိလုံးဝမသက်သာတဲ့အပြင် ပိုပိုဆိုးနေပါတယ်။ ဘာလုပ်သင့်သလဲဆိုတာ ညွှန်ကြားပေးပါဦးဆရာ။

ဆေးစစ်ချက်တွေမှာ သားအိမ်အနားမှာ ရောင်နေတယ်။ သားအိမ်နောက်မှာ အရည်ပိုစုနေတယ်။ PID တင်ပါးဆုံတွင်း အင်္ဂါများ ရောင်ခြင်းရောဂါနဲ့ တူတယ်လို့ မှတ်ချက်တခုမှာ ဖတ်ရတယ်။ နောက်တခုက ကျောက်ကပ် အတွင်းပိုင်းမှာ Hydronephrosis အရည်များတာဖြစ်နေတယ်။ တခုနဲ့တခု ဆက်စပ် မစပ် စဉ်းစားရတယ်။ ခုထိတော့ ဆက်စပ်မှု စဉ်းစားမရသေးပါ။ ဆောရီး။ PID အမျိုးသမီးတင်ပါးဆုံတွင်းရောင်ခြင်း စာတပုဒ်ပို့ပါမယ်။

Hydronephrosis ဆိုတာ ကျောက်ကပ်ရောင်နေတာ။ Hydroureter ဆိုတာ ကျောက်ကပ်ကနေ ဆီးအိမ်ဆီဆင်းတဲ့ပြွန် ရောင်နေတာ။ ဆီးလမ်းတနေရာရာမှာပိတ်နေရင်ဆက်ဖြစ်တယ်။ ဒီရောဂါက တဘက်တည်းရော နှစ်ဘက်လုံးပါ ဖြစ်နိုင်တယ်။ ပိတ်တာက ရုတ်တရက်ဖြစ်ရင် နာမယ်။ ပျို့အန်မယ်။ မွေးရာလည်းရှိတယ်။

ကျောက်ကပ်ကျောက်၊ သွေးခဲ၊ အမာရွတ်၊ ဆီးအိမ်ကင်ဆာ၊ ဆီးအိမ်ကျောက်၊ ဆီးအိမ်ကျခြင်း၊ ဆီးအိမ်လည်ပင်းနေရာ ကျဉ်းခြင်း၊ ဆီးသွားပြွန်ကျဉ်းခြင်း၊ ဆီးသွားပြွန်အဆိုရှင်၊ ဆီးသွားပြွန်ကင်ဆာတွေကနေ ဆက်ဖြစ်နိုင်တယ်။

တခြားနေရာမှာဖြစ်တဲ့ကင်ဆာ အလုံးအကျိတ်တွေနဲ့ ကိုယ်ဝန်ကနေဖိထားခံရခြင်း၊ ယော်ကျားဆီးကျိတ်ကြီးခြင်း၊ ဆီးကျိတ်ကင်ဆာနဲ့ မိန်းမသားအိမ်အလုံးတွေလည်းပါတယ်။

ရက်တိုဖြစ်တာနဲ့ နာတာရှည်ဖြစ်တာလို့ရှိတယ်။ ကျောက်ကပ်နေရာ အောင့်-နာမယ်။ အတော်ကိုနာတယ်။ အင်္ဂလိပ်လို ပိန်း လို့မခေါ် အေဂိုနီ လို့ခေါ်တယ်။ အတင်းနာတယ်။ ပျို့မယ်။ အန်မယ်။ ဆီးသွားရင်နာမယ်။ ဆီးမကုန်သလိုနေမယ်။ ချမ်းဖျားမယ်။ ဆီးထဲအနယ်ပါမယ်။ ဆီးသွားရတာအားမပါသလိုဖြစ်မယ်။ ဆီးစပ်နာမယ်။

ကုသရခြင်းရဲ့ရည်မှန်းချက်ဟာ ကျောက်ကပ်ကနေ ဆီးသွားပြွန်အဖျားထိ ဆီးထွက်နေစဖို့ဖြစ်တယ်။ နာနေတာ သက်သာစေဖို့နဲ့ ပိုးဝင်နေတာပျောက်ဆေးတွေလည်းပေးမယ်။ တချို့မှာ ခွဲစရာလိုနိုင်တယ်။ ဖြစ်စေတဲ့အကြောင်းခံကို ကုသရမယ်။

မြန်မာပြည်သားတွေ ဆီးလမ်းရောဂါဘေးက ဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment